အင်တာနက်ဈေးနှုန်းနှင့် အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခအား ပြောင်းလဲသတ်မှတ်ခြင်း ကြေညာချက် (၃၁-မတ်လ-၂၀၂၆)
မင်္ဂလာပါ … ဘရစ်ချ်ဖိုင်ဘာအသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ …
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၆ ရက်နေ့မှစတင်၍ဘရစ်ချ်ဖိုင်ဘာသုံးစွဲသူများအတွက် အင်တာနက်မြန်နှုန်းများကို ထပ်မံတိုးမြှင့်ပေးထားပြီး၊ ဈေးနှုန်းများကိုလည်း အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၆ ရက်နေ့မှစ၍ ဘရစ်ချ်ဖိုင်ဘာစက်တပ်ဆင်မည့်သူများအနေဖြင့် ဧပြီလ လစဉ်ကြေးမှ စတင်၍ပေးဆောင်ရမည်ဖြစ်ပြီး၊ လက်ရှိဘရစ်ချ်ဖိုင်ဘာသုံးစွဲသူများအနေဖြင့်လည်း ဧပြီလ လစဉ်ကြေးမှစတင်၍ ပြောင်းလဲသွားသောလစဉ်ကြေးအတိုင်း ပေးဆောင်ရပါမည်။
အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခ- ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဝန်ဆောင်ခကို ၅၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါသည်။
ဘရစ်ချ်ဖိုင်ဘာအင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား ဘရစ်ချ်ဖိုင်ဘာမှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။
| Bridge Fiber အင်တာနက် | |
| ယခုဈေးနှုန်းနှင့်မြန်နှုန်း | ယခင်ဈေးနှုန်းနှင့်မြန်နှုန်း |
| ၃၄,၀၀၀ ကျပ် – မြန်နှုန်း 20 Mbps | ၃၁,၅၀၀ ကျပ် – မြန်နှုန်း 20 Mbps |
| ၃၇,၀၀၀ ကျပ် – မြန်နှုန်း 26 Mbps | ၃၅,၅၀၀ ကျပ် – မြန်နှုန်း 26 Mbps |
| ၄၄,၀၀၀ ကျပ် – မြန်နှုန်း 35 Mbps | ၄၂,၀၀၀ ကျပ် – မြန်နှုန်း 35 Mbps |
| ၆၄,၀၀၀ ကျပ် – မြန်နှုန်း 53 Mbps | ၆၂,၀၀၀ ကျပ် – မြန်နှုန်း 53 Mbps |
| ၁၁၀,၀၀၀ ကျပ် – မြန်နှုန်း 100 Mbps | ၁၀၇,၀၀၀ ကျပ် – မြန်နှုန်း 100 Mbps |
| ၁၈၅,၀၀၀ ကျပ် – မြန်နှုန်း 160 Mbps | ၁၈၀,၀၀၀ ကျပ် – မြန်နှုန်း 160 Mbps |
| ၂၈၀,၀၀၀ ကျပ် – မြန်နှုန်း 235 Mbps | ၂၇၀,၀၀၀ ကျပ် – မြန်နှုန်း 235 Mbps |
