အင်တာနက်ဈေးနှုန်းနှင့် အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခအား ပြောင်းလဲသတ်မှတ်ခြင်း ကြေညာချက် (၃၁-မတ်လ-၂၀၂၆)

မင်္ဂလာပါ … ဘရစ်ချ်ဖိုင်ဘာအသုံးပြုသူ လူကြီးမင်းများ ခင်ဗျာ …

၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၆ ရက်နေ့မှစတင်၍ဘရစ်ချ်ဖိုင်ဘာသုံးစွဲသူများအတွက် အင်တာနက်မြန်နှုန်းများကို ထပ်မံတိုးမြှင့်ပေးထားပြီး၊ ဈေးနှုန်းများကိုလည်း အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၆ ရက်နေ့မှစ၍ ဘရစ်ချ်ဖိုင်ဘာစက်တပ်ဆင်မည့်သူများအနေဖြင့် ဧပြီလ လစဉ်ကြေးမှ စတင်၍ပေးဆောင်ရမည်ဖြစ်ပြီး၊ လက်ရှိဘရစ်ချ်ဖိုင်ဘာသုံးစွဲသူများအနေဖြင့်လည်း ဧပြီလ လစဉ်ကြေးမှစတင်၍ ပြောင်းလဲသွားသောလစဉ်ကြေးအတိုင်း ပေးဆောင်ရပါမည်။

အိမ်အရောက်ငွေကောက်ခံပေးသည့် ဝန်ဆောင်ခ- ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဝန်ဆောင်ခကို ၅၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါသည်။

ဘရစ်ချ်ဖိုင်ဘာအင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာ သုံးစွဲကြသူများအား ဘရစ်ချ်ဖိုင်ဘာမှ အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။

Bridge Fiber အင်တာနက် 
ယခုဈေးနှုန်းနှင့်မြန်နှုန်းယခင်ဈေးနှုန်းနှင့်မြန်နှုန်း
၃၄,၀၀၀ ကျပ် – မြန်နှုန်း 20 Mbps၃၁,၅၀၀ ကျပ် – မြန်နှုန်း 20 Mbps
၃၇,၀၀၀ ကျပ် – မြန်နှုန်း 26 Mbps၃၅,၅၀၀ ကျပ် – မြန်နှုန်း 26 Mbps
၄၄,၀၀၀ ကျပ် – မြန်နှုန်း 35 Mbps၄၂,၀၀၀ ကျပ် – မြန်နှုန်း 35 Mbps
၆၄,၀၀၀ ကျပ် – မြန်နှုန်း 53 Mbps၆၂,၀၀၀ ကျပ် – မြန်နှုန်း 53 Mbps
၁၁၀,၀၀၀ ကျပ် – မြန်နှုန်း 100 Mbps၁၀၇,၀၀၀ ကျပ် – မြန်နှုန်း 100 Mbps
၁၈၅,၀၀၀ ကျပ် – မြန်နှုန်း 160 Mbps၁၈၀,၀၀၀ ကျပ် – မြန်နှုန်း 160 Mbps
၂၈၀,၀၀၀ ကျပ် – မြန်နှုန်း 235 Mbps၂၇၀,၀၀၀ ကျပ် – မြန်နှုန်း 235 Mbps

Scroll to Top